23 ဗိမာန်တော်သို့ ဝင်ပြန်၍ ဆုံးမဩဝါဒပေးတော်မူစဉ်တွင်၊ ယဇ်ပုရောဟိတ်အကြီးတို့နှင့် လူတို့တွင် အကြီးအကဲဖြစ်သောသူတို့သည် အထံတော်သို့ချဉ်းကပ်၍၊ ကိုယ်တော်သည် ဤအမှုများကို အဘယ်အခွင့်နှင့် ပြုသနည်း။ ထိုအခွင့်ကို အဘယ်သူပေးသနည်းဟု မေးလျှောက်ကြသော်၊
ရှင်မဿဲခရစ်ဝင်။21;23-46
24 ယေရှုက၊ ငါသည် တစုံတခုကိုမေးဦးမည်။ သင်တို့ဖြေလျှင် ဤအမှုများကို အဘယ်အခွင့်နှင့် ငါပြု သည်ကို ငါပြောမည်။
25 ယောဟန်၏ ဗတ္တိဇံတရားသည် အဘယ်ကဖြစ်သနည်း။ ဘုရားကဖြစ်သလော။ လူကဖြစ်သလောဟု မေးတော်မူ၏။ ထိုသူတို့သည် အချင်းချင်းဆင်ခြင်၍ ဘုရားကဖြစ်သည်ဟု ငါတို့ဖြေလျှင်၊ သင်တို့သည် ယောဟန်ကို အဘယ်ကြောင့် မယုံသနည်းဟု သူမေးလေဦးမည်။
26 လူကဖြစ်သည်ဟု ငါတို့ဖြေလျှင်လူများကိုကြောက်ရ၏။ အကြောင်းမူကား၊ လူအပေါင်းတို့သည် ယောဟန်ကို ပရောဖက်ကဲ့သို့ ထင်မှတ်ကြ၏ဟု အချင်းချင်းဆင်ခြင်ပြီးမှ၊
27 အကျွန်ုပ်တို့မသိပါဟု ယေရှုအား ပြန်ပြောကြ၏။ ကိုယ်တော်ကလည်း၊ ထိုအတူ ဤအမှုများကို အဘယ်အခွင့်နှင့် ငါပြုသည်ကို ငါမပြော။
28 သင်တို့သည် အဘယ်သို့ထင်ကြသနည်း။ တစုံတယောက်သောသူ၌ သားနှစ်ယောက်ရှိ၏။ သားအကြီး ဆီသို့သွား၍ ငါ့သား၊ ယနေ့ ငါ့စပျစ်ဥယျာဉ်သို့သွား၍ လုပ်ဆောင်လော့ဟုဆိုလျှင်၊
29 သားက ငါမသွားဘူးဟု ပြန်ပြောသော်လည်း၊ နောက်မှ နောင်တရ၍သွားလေ၏။
30 အဘသည် အခြားသောသားဆီသို့သွား၍ ရှေ့နည်းအတူဆိုလျှင်၊ သားကသွားပါမည်အဘသခင် ဟု ဆိုသော်လည်း မသွားဘဲနေ၏။
31 ထိုသားနှစ်ယောက်တို့တွင် အဘယ်သူသည် အဘ၏အလိုကိုဆောင်သနည်းဟု မေးတော်မူလျှင်၊ သား အကြီးဆောင်ပါသည်ဟု လျှောက်ကြသော်၊ ယေရှုကလည်း ငါအမှန်ဆိုသည်ကား၊ အခွန်ခံတို့နှင့် ပြည်တန်ဆာ တို့သည် သင်တို့အရင် ဘုရားသခင်၏နိုင်ငံတော်သို့ ဝင်တတ်ကြ၏။
32 အကြောင်းမူကား၊ ယောဟန်သည် ဖြောင့်မတ်သောအကျင့်ကိုကျင့်၍ သင်တို့ဆီသို့ လာသော်လည်း သင်တို့မယုံကြည်ကြ။ အခွန်ခံတို့နှင့် ပြည်တန်ဆာတို့မူကား ယုံကြည်ကြ၏။ ထိုအကြောင်းကို သင်တို့သည် မြင် သော်လည်း ယုံကြည်မည်အကြောင်း နောက်တဖန်နောင်တမရကြ။
33 အခြားသော ဥပမာကိုနားထောင်ကြလော့။ အိမ်ရှင်တဦးသည် စပျစ်ဥယျာဉ်ကိုစိုက်ပျိုး၍၊ စောင်ရန်း ကို လုပ်ပြီးမှ စပျစ်သီးနယ်ရာ ကျင်းကိုတူးလေ၏။ မှီခိုရာလင့်စင်ကိုလည်းဆောက်လေ၏။ လုပ်ဆောင်သော သူတို့အား ဥယျာဉ်ကိုငှါး၍ အခြားသောပြည်သို့သွားလေ၏။
34 အသီးသီးချိန်ရောက်သောအခါ၊ အသီးကိုခံစေခြင်းငှါ ငယ်သားတို့ကို ဥယျာဉ်စောင့်တို့ရှိရာသို့ စေ လွှတ်လေ၏။
35 ထိုသူတို့သည် ငယ်သားများကို ဘမ်းပြီးလျှင် တဦးကိုရိုက်၍၊ တဦးကိုသတ်၍၊ တဦးကို ခဲနှင့်ပစ်ကြ၏။
36 နောက်တဖန် အရင်ထက်များသော အခြားငယ်သားတို့ကို စေလွှတ်ပြန်လျှင်၊ ဥယျာဉ်စောင့်တို့သည် ရှေ့နည်းတူပြုကြ၏။
37 နောက်ဆုံး၌ ဥယျာဉ်ရှင်က၊ ထိုသူတို့သည်ငါ့သားကို အားနာကြလိမ့်မည်ဟုဆို၍ မိမိသားကို စေလွတ် လေ၏။
38 ဥယျာဉ်စောင့်တို့သည် သားကိုမြင်လျှင် ဤသူသည်အမွေခံဖြစ်၏။ လာကြ၊ သူ့ကိုသတ်၍ သူ၏ အမွေဥစ္စာကို ယူကြကုန်အံ့ဟု အချင်းချင်းတိုင်ပင်၍၊
39 ဥယျာဉ်ရှင်၏သားကို ဘမ်းယူပြီးမှ ဥယျာဉ်ပြင်သို့ထုတ်၍ သတ်ပစ်ကြ၏။
40 သို့ဖြစ်လျှင် ဥယျာဉ်ရှင်သည်လာသောအခါ၊ ဥယျာဉ်စောင့်တို့ကို အဘယ်သို့ ပြုမည်နည်းဟုမေးတော် မူ၏။
41 ပရိသတ်တို့ကလည်း ထိုလူဆိုးတို့အား ဆိုးသောဖျက်ဆီးခြင်းကို စီရင်ပါလိမ့်မည်။ အသီးသီးချိန်တွင် အသီးကို ဆက်အံ့သောအခြားလူတို့အား ထိုဥယျာဉ်ကို ငှါးပါလိမ့်မည်ဟု လျှောက်ကြ၏။
42 ယေရှုကလည်း၊ တိုက်ကိုတည်လုပ်သောသူများ ပယ်ထားသောကျောက်သည် နောက်တဖန် တိုက် ထောင့်အထွဋ်ဖျားသို့ရောက်ပြန်၏။ ထိုအမှုသည် ထာဝရဘုရားပြုတော်မူသောအမှုဖြစ်၏။ ငါတို့ မျက်မှောက်၌ လည်း အံ့ဩဘွယ်ဖြစ်၏ဟူသောစကားကို ကျမ်းစာ၌ သင်တို့သည် တရံတခါမျှမဘတ်ဘူးသလော။
43 ထို့ကြောင့် ငါဆိုသည်ကား၊ ဘုရားသခင်၏နိုင်ငံတော်ကို သင်တို့မှနှုတ်၍ နိုင်ငံတော်၏အသီးကို သီး အံ့သောလူမျိုးအား ပေးရလတံ့။
44 အကြင်သူသည် ထိုကျောက်အပေါ်သို့ကျ၏။ ထိုသူသည် ကျိုးလတံ့၊ အကြင်သူ၏အပေါ်သို့ ထို ကျောက်သည်ကျ၏၊ ထိုသူသည် ညက်ညက်ကြေလတံ့ဟု မိန့်တော်မူ၏။
45 ထိုဥပမာစကားကို ယဇ်ပုရောဟိတ်အကြီးနှင့် ဖာရိရှဲတို့သည်ကြားရလျှင်၊ မိမိတို့ကို ရည်ဆောင်၍ ဟောပြောတော်မူသည်ကို သိကြ၏။
46 ကိုယ်တော်ကို ဘမ်းဆီးခြင်းငှါ ရှာကြံသော်လည်း စုဝေးသောသူများကို ကြောက်ကြ၏။ အကြောင်း မူကား၊ ထိုသူတို့သည် ကိုယ်တော်ကို ပရောဖက်ကဲ့သို့ ထင်မှတ်ကြ၏။
ဖန် ယေရှုသည် ဥပမာကိုဆောင်၍ ပရိသတ်တို့အား မိန့်မြွက်တော်မူသည်ကား၊
ရှင်မဿဲခရစ်ဝင်။22;1-46
2 ကောင်းကင်နိုင်ငံတော်သည် မိမိသားအဘို့ ထိမ်းမြားမင်္ဂလာဆောင်ပွဲကို စီရင်သောမင်းကြီးနှင့် တူ၏။
3 ထိုမင်းကြီးသည် ဘိတ်ပြီးသောသူတို့ကို ခေါ်စေခြင်းငှါ လုလင်တီု့ကိုစေလွှတ်သောအခါ ထိုသူတို့သည် မလာဘဲနေကြ၏။
4 တဖန် အခြားသောလုလင်တို့ကို စေလွှတ်၍ ငါ့ပွဲကို ငါပြင်ဆင်ပြီ။ နွားမှစသော ဆူဖြိုးသော တိရစ္ဆာန် များကို သတ်၍ပြီးပြီ။ အလုံးစုံတို့သည် အသင့်ရှိပြီ။ မင်္ဂလာဆောင်ပွဲသို့ လာကြပါဟု ဘိတ်ပြီးသောသူတို့အား ပြောကြဟု မှာလိုက်ပြန်၏။
5 သို့သော်လည်း ထိုသူတို့သည် နားမထောင်ဘဲ အချို့တို့သည် မိမိလယ်သို့သွားကြ၏။ အချို့တို့သည် ကုန်သွယ်ရာသို့ သွားကြ၏။
6 ကြွင်းသောသူတို့သည်လည်း လုလင်တို့ကိုဘမ်းဆီး၍ ညှဉ်းဆဲခြင်း၊ အသေသတ်ခြင်းကို ပြုကြ၏။
7 ထိုမင်းကြီးသည်ကြားလျှင် အမျက်ထွက်၍ စစ်ချီစေသဖြင့်၊ လူအသက်ကိုသတ်သော ထိုသူတို့ကို အပြီးလုပ်ကြံ၍ သူတို့၏မြို့ကို မီးရှို့လေ၏။
8 ထိုနောက်မှ မင်းကြီးသည်လုလင်တို့ကိုခေါ်၍ ငါ၏မင်္ဂလာဆောင်ပွဲသည် အသင့်ရှိ၏။ ခေါ်ဘိတ် သောသူတို့သည် မထိုက်မတန်သောကြောင့်၊
9 လမ်းမလမ်းကြားသို့သွား၍ တွေ့သမျှသောသူတို့ကို ပွဲသို့ခေါ်ဘိတ်ကြဟု အမိန့်တော်ရှိသည်အတိုင်း၊
10 လုလင်တို့သည် လမ်းများသို့ထွက်သွား၍ ကောင်းမကောင်းတွေ့သမျှသော လူအပေါင်းတို့ကို စုဝေး စေ၍ ပွဲတော်၌အပြည့်ရှိလေ၏။
11 မင်းကြီးသည် ပွဲ၌ လျောင်းသောသူတို့ကို ကြည့်ရှုခြင်းငှါ ဝင်တော်မူသောအခါ၊ မင်္ဂလာဆောင်ပွဲ၏ အဝတ်ကိုမဝတ်သောသူတယောက်ကိုမြင်လျှင်၊
12 အဆွေ၊ မင်္ဂလာဆောင်ပွဲ၏ အဝတ်မရှိဘဲ အဘယ်ကြောင့်ဝင်သနည်းဟု မေးတော်မူသည်ကို ထိုသူ သည် မပြောနိုင်ဘဲနေ၏။
13 ထိုအခါ မင်းကြီးသည် အခြံအရံတို့အား ထိုသူ၏လက်ခြေကိုတုပ်နှောင်လော့။ ငိုကြွေးခြင်း အံသွားခဲ ကြိတ်ခြင်းရှိရာ၊ ပြင်အရပ် မှောင်မိုက်ထဲသို့ ယူသွားချလိုက်ကြဟု အမိန့်တော်ရှိ၏။
14 ထိုသို့ ခေါ်တော်မူသောသူ အများရှိသော်လည်း၊ ရွေးကောက်တော်မူသော သူနည်းသည်ဟု မိန့်တော် မူ၏။
15 ထိုအခါ ဖာရိရှဲတို့သည် ထွက်သွားပြီးလျှင်၊ ငါတို့သည်သူ၏စကားကို ချောင်းမြောင်း၍ အပြစ်ပြုခွင့်ကို အဘယ်သို့ရနိုင်သနည်းဟု မေးမြန်းတိုင်ပင်ပြီးမှ၊
16 မိမိတပည့်တို့နှင့် ဟေရုဒ်တပည့်တို့ကို အထံတော်သို့စေလွှတ်၍ အရှင်ဘုရား၊ ကိုယ်တော်သည် သစ္စာ ရှိပါ၏။ အဘယ်သူကိုမျှမကြောက်၊ လူမျက်နှာကိုမထောက်ဘဲ ဘုရားသခင်၏တရားလမ်းကို ဟုတ်မှန်စွာ ပြတော်မူသည်ကို အကျွန်ုပ်တို့ သိကြပါ၏။
17 သို့ဖြစ်၍ ကိုယ်တော်သည် အဘယ်သို့ထင်တော်မူသနည်း။ ကဲသာဘုရင်အားအခွန်ကို ဆက်အပ်သ လော။ မဆက်အပ်သလော အကျွန်ုပ်တို့အား မိန့်တော်မူပါဟု မေးလျှောက်ကြ၏။
18 ယေရှုသည် ထိုသူတို့၏ဆိုးညစ်သောသဘောကို သိတော်မူလျှင်၊ လျှို့ဝှက်သောသူတို့၊ အဘယ်ကြောင့် ငါ့ကို စုံစမ်းနှောင့်ရှက်ကြသနည်း။
19 အခွန်ငွေတပြားကိုပြပါဟု မိန့်တော်မူ၍၊ ဒေနာရိတပြားကို ယူခဲ့ကြ၏။
20 ဤပုံ ဤလိပ်စာကား၊ အဘယ်သူ၏ပုံ အဘယ်သူ၏လိပ်စာဖြစ်သနည်းဟု မေးတော်မူလျှင်၊
21 ကဲသာဘုရင်၏ပုံ၊ လိပ်စာဖြစ်ပါသည်ဟု လျှောက်ကြသော်၊ ယေရှုကလည်း၊ ကဲသာဘုရင်၏ဥစ္စာကို ကဲသာဘုရင်အား ဆက်ပေးကြလော့။ ဘုရားသခင်၏ ဥစ္စာကိုကား ဘုရားသခင်အားဆက်ပေးကြလော့ဟု မိန့် တော်မူ၏။
22 ထိုသူတို့သည် ကြားရလျှင်အံ့ဩ၍ အထံတော်မှ ထွက်သွားကြ၏။
23 ထမြောက်ရှင်ပြန်ခြင်းမရှိဟူ၍ အယူရှိသော ဇဒ္ဒုကဲတို့သည် ထိုနေ့၌ အထံတော်သို့ချဉ်းကပ်၍၊
24 အရှင်ဘုရား၊ လူမည်သည်ကား သားမရှိဘဲသေလျှင်၊ သူ၏မယားကို သူ့ညီသိမ်းယူ၍ အစ်ကိုအမျိုး မပြတ်ဆက်နွယ်စေဟု မောရှေစီရင်ပါပြီ။
25 အကျွန်ုပ်တို့တွင် ညီအစ်ကိုခုနစ်ယောက်ရှိပါ၏။ အစ်ကိုအကြီးသည် မိန်းမနှင့်စုံဘက်၍ သားမရှိဘဲ သေသဖြင့် မိမိမယားကို မိမိညီနှင့် ကျန်ရစ်စေ၏။
26 ထိုအတူ တယောက်နောက်တယောက် ခုနစ်ယောက်သောညီအစ်ကိုတို့သည် ထိုမိန်းမနှင့် စုံဘက်ပြီးမှ သေကြ၏။
27 နောက်ဆုံး၌ မိန်းမသည်လည်း သေလေ၏။
28 သို့ဖြစ်၍ ထမြောက်ရာကာလ၌ ထိုမိန်းမသည် ခုနစ်ယောက်သောညီအစ်ကိုတို့တွင် အဘယ်သူ၏ မယားဖြစ်ရပါမည်နည်း။ ထိုသူအပေါင်းတို့သည် ထိုမိန်းမနှင့် စုံဘက်ခြင်းကို ပြုကြပြီဟု မေးလျှောက်ကြ၏။
29 ယေရှုကလည်း၊ သင်တို့သည် ကျမ်းစာကိုနားမလည်၊ ဘုရားသခင်၏တန်ခိုးတော်ကို မသိသော ကြောင့် မှားသောအယူကိုယူကြ၏။
30 ထမြောက်ရာကာလ၌ စုံဘက်ခြင်းကို မပြု၊ ထိမ်းမြားပေးစားခြင်းကို မပြု။
31 ကောင်းကင်သားဘုရားသခင်၏ တမန်တော်ကဲ့သို့ ဖြစ်ကြ၏။
32 ထိုမှတပါး သေလွန်သောသူတို့သည် ထမြောက်ခြင်းအရာမှာ၊ ဘုရားသခင်က၊ ငါသည် အာဗြဟံ၏ ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ဘုရားဖြစ်သည်ဟု သင်တို့အား မိန့်မြွက်တော်မူကြောင်းကို သင်တို့သည် မဘတ်ဘူးသလော။ ဘုရားသခင်သည် သေနေသောသူတို့၏ ဘုရားမဟုတ်၊ အသက်ရှင်သောသူတို့၏ ဘုရားဖြစ်တော်မူသည်ဟု မိန့်တော်မူ၏။
33 ပရိသတ်များတို့သည် ကြားရလျှင် ဆုံးမဩဝါဒ ပေးတော်မူသည်ကို အံ့ဩခြင်းရှိကြ၏။
34 ဇဒ္ဒုကဲတို့၏ စကားကို ချေတော်မူကြောင်းကို ဖာရိရှဲတို့သည်ကြားလျှင် စုဝေးကြ၍၊
35 သူတို့အဝင်အပါဖြစ်သော ကျမ်းတတ်တယောက်သည် ကိုယ်တော်ကို စုံစမ်းနှောင့်ရှက်ခြင်းငှါ၊
36 အရှင်ဘုရား၊ ပညတ္တိကျမ်း၌ အဘယ်မည်သော ပညတ်သည်သာ၍ ကြီးသနည်းဟု မေးလျှောက်သော်၊
37 ယေရှုက၊ သင်၏ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ဉာဏ်ရှိသမျှနှင့် ချစ်လော့၊
38 ဟူသော ပညတ်သည် ပဌမပညတ်ဖြစ်၏။ ကြီးမြတ်သော ပညတ်လည်းဖြစ်၏။
39 ထိုမှတပါး ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်လော့ဟူသော ဒုတိယကပညတ်သည် ပဌမ ပညတ်နှင့် သဘောတူ၏။
40 ဤပညတ်နှစ်ပါးတို့ကား ပညတ္တိကျမ်းနှင့် အနာဂတ္တိကျမ်း ရှိသမျှတို့၏ အချုပ်အခြာပင်ဖြစ်သတည်းဟု မိန့်တော်မူ၏။
41 ဖာရိရှဲတို့သည် စုဝေး၍နေကြစဉ်တွင် ယေရှုက၊ သင်တို့သည် ခရစ်တော်ကို အဘယ်သို့ထင်မှတ်ကြ သနည်း။
42 အဘယ်သူ၏ သားဖြစ်သနည်းဟု မေးတော်မူလျှင်၊ ဒါဝိဒ်၏သားဖြစ်သည်ဟု လျှောက်ကြသော်၊
43 သို့ဖြစ်လျှင် ဒါဝိဒ်သည် ခရစ်တော်ကို သခင်ဟူ၍ ဝိညာဉ်တော်အားဖြင့် အဘယ်ကြောင့်ခေါ် သနည်း။
44 ဒါဝိဒ်၏စကားမှာ ထာဝရဘုရားက၊ သင်၏ ရန်သူတို့ကို သင်၏ခြေတင်ရာ ငါမချမထားမှီတိုင်အောင် ငါ့လက်ျာဘက်၌ ထိုင်နေလော့ဟု ငါ၏သခင်အား မိန့်တော်မူသည်ဟု ဒါဝိဒ်ဆိုသတည်း။
45 ထိုသို့ ဒါဝိဒ်သည် ခရစ်တော်ကိုသခင်ဟူ၍ ခေါ်လျှင်၊ အဘယ်သို့ သူ၏သားဖြစ်သနည်းဟု မေးတော် မူသည်ရှိသော်၊
46 အဘယ်သူမျှ စကားတခွန်းကိုပြန်လျှောက်ခြင်းငှါ မတတ်နိုင်ကြ။ ထိုနေ့မှစ၍ နောက်တဖန် အဘယ် သူမျှ မမေးမလျှောက်ဝံ့ကြ။
အခါ ယေရှုသည် တပည့်တော်တို့နှင့် လူပေါင်းတို့အား ဟောပြောတော်မူသည်ကား၊
ရှင်မဿဲခရစ်ဝင်။23;1-39
2 ကျမ်းပြုဆရာ၊ ဖာရိရှဲတို့သည် မောရှေ၏ထိုင်ရာ ပလ္လင်ပေါ်မှာထိုင်ကြ၏။
3 ထို့ကြောင့် သူတို့စီရင်ထုံးဖွဲ့သမျှတို့ကို စောင့်ရှောက်၍ပြုကြလော့။ သူတို့၏ အကျင့်အတိုင်း မကျင့် ကြနှင့်။ အကြောင်းမူကား၊ သူတို့သည် စီရင်ထုံးဖွဲ့သော်လည်း ကိုယ်တိုင်မကျင့်ကြ။
4 အလွန်လေး၍ ထမ်းခဲသောဝန်တို့ကို ပြင်ဆင်၍သူတပါးပခုံးပေါ်မှာ တင်တတ်ကြ၏။ မိမိတို့မူကား လက်ဖျားနှင့်မျှ မရွှေ့လိုကြ။
5 သူတို့သည် ပြုသမျှသောအကျင့်အမှုတို့ကို လူများရှေ့မှာ ထင်ရှားစေခြင်းငှါပြုကြ၏။ ကျယ်သော လက်ဖွဲ့တို့ကို၎င်း၊ ကြီးသော ပန်းပွားတို့ကို၎င်း ဝတ်လေ့ရှိကြ၏။
6 ပွဲသဘင်၊ တရားစရပ်တို့၌ မြင့်မြတ်သောနေရာ ထိုင်ရာကို၎င်း၊
7 ဈေး၌ ရိုသေစွာနှုတ်ဆက်ခြင်းကို၎င်း၊ အရှင်ဘုရား အရှင်ဘုရားဟု လူများခေါ်ဝေါ်ခြင်းကို၎င်း နှစ် သက်ကြ၏။
8 သင်တို့မူကား အရှင်ဘုရားဟု ခေါ်ဝေါ်ခြင်းကိုမခံကြနှင့်။ ခရစ်တော်တည်းဟူသော သင်တို့ဥပဇ္ဈာယ် ဆရာတပါးတည်းရှိ၏။ သင်တို့အပေါင်းသည် ညီအစ်ကို ချင်းဖြစ်ကြ၏။
9 မြေကြီးပေါ်မှာ အဘယ်သူကိုမျှအဘဟူ၍မခေါ်ဝေါ်ကြနှင့်။ ကောင်းကင်ဘုံ၌ သင်တို့အဘတပါး တည်းရှိတော်မူ၏။
10 ဥပဇ္ဈာယ်ဆရာဟု ခေါ်ဝေါ်ခြင်းကို မခံကြနှင့်။ ခရစ်တော်တည်းဟူသော သင်တို့ဥပဇ္ဈာယ်ဆရာတပါး တည်းရှိ၏။
11 သင်တို့တွင် အကြီးဖြစ်သောသူသည် သင်တို့အစေခံဖြစ်ရ၏။
12 အကြင်သူသည် မိမိကိုချီးမြှောက်အံ့၊ ထိုသူသည် နှိမ့်ချခြင်းသို့ရောက်လတံ့။ အကြင်သူသည် မိမိကို နှိမ့်ချအံ့၊ ထိုသူသည် ချီးမြှောက်ခြင်းသို့ ရောက်လတံ့။
13 လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ကောင်း ကင်နိုင်ငံတော်၏ တံခါးကိုလူတို့ရှေ့မှာပိတ်ထား၍ မိမိတို့လည်းမဝင်၊ ဝင်လိုသောသူတို့ကိုလည်း ဆီးတား ကြ၏။
14 လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ မုတ်ဆိုးမ အိမ်ကို လုယူသိမ်းစား၍၊ အပြစ်မပေါ်စေခြင်းငှါ ရှည်စွာသော ပဌနာစကားကို ရွတ်တတ်ကြ၏။ ထို့ကြောင့် သာ၍ ကြီးစွာသော ဒဏ်ကိုခံရကြလတံ့။
15 လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ လူ တ ယောက်ကိုပင် ဘာသာသွင်းခြင်းငှါ ကုန်းကြောင်းရေကြောင်းပတ်ပတ်လှည့်လည်၍ ဘာသာသွင်းပြီးသောသူ ကိုလည်း၊ မိမိတို့ထက် နှစ်ဆသောငရဲသားဖြစ်စေကြ၏။
16 လမ်းပြသောလူကန်းတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ ဗိမာန်တော်ကိုတိုင်တည်၍ ကျိန်ဆိုခြင်းကို ပြုလျှင်မတည်။ ဗိမာန်တော်၏ ရွှေကိုတိုင်တည်၍ ကျိန်ဆိုခြင်းကိုပြုလျှင် တည်သည်ဟုသင်တို့ဆိုကြ၏။
17 လူမိုက်လူကန်းတို့၊ အဘယ်အရာသည်သာ၍ မြတ်သနည်း။ ထိုရွှေကားမြတ်သလော။ ထိုရွှေကို သန့် ရှင်းစေသော ဗိမာန်တော်ကားမြတ်သလော။
18 တနည်းကား၊ ယဇ်ပလ္လင်ကို တိုင်တည်၍ ကျိန်ဆိုခြင်းကိုပြုလျှင် မတည်။ ယဇ်ပလ္လင်ပေါ်မှာရှိသော ပူဇော်သက္ကာကို တိုင်တည်၍ကျိန်ဆိုခြင်းကိုပြုလျှင် တည်သည်ဟု သင်တို့ဆိုကြ၏။
19 လူမိုက်လူကန်းတို့၊ အဘယ်အရာသည်သာ၍ မြတ်သနည်း။ ထိုပူဇော်သက္ကာကား မြတ်သလော။ ထို ပူဇော်သက္ကာကို သန့်ရှင်းစေသော ယဇ်ပလ္လင်ကားမြတ်သလော။
20 ထို့ကြောင့် ယဇ်ပလ္လင်ကိုတိုင်တည်၍ ကျိန်ဆိုလျှင်၊ ယဇ်ပလ္လင်မှစ၍ ယဇ်ပလ္လင်ပေါ်မှာ ရှိသမျှကို တိုင် တည်၍ ကျိန်ဆိုသတည်း။
21 ဗိမာန်တော်ကိုတိုင်တည်၍ ကျိန်ဆိုလျှင်၊ ဗိမာန်တော်မှစ၍ ဗိမာန်တော်၌ ကျိန်းဝပ်တော်မူသောသူ ကို တိုင်တည်၍ ကျိန်ဆိုသတည်း။
22 ကောင်းကင်ဘုံကိုတိုင်တည်၍ ကျိန်ဆိုလျှင်၊ ပလ္လင်တော်ကို၎င်း၊ ပလ္လင်တော်ပေါ်မှာ ထိုင်တော်မူသော သူကို၎င်း တိုင်တည်၍ကျိန်ဆိုသတည်း။
23 လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ပင်စိမ်း၊ စမွှတ်၊ ဇိယာ၊ အသီးအရွက်တို့ကို ဆယ်ဘို့တဘို့ လှူကြသည်တွင် တရားသဖြင့်စီရင်ခြင်း၊ သူတပါးကို သနား ခြင်း၊ သစ္စာစောင့်ခြင်းတည်းဟူသော ပညတ်တရားတွင် လေးသောအရာတို့ကိုကား လှပ်၍ထားကြ၏။ အရင် ဆိုသောအရာတို့ကို မလှပ်မထား၊ နောက်ဆိုသောအရာတို့ကို ကျင့်ရမည်။
24 လမ်းပြသောလူကန်းတို့၊ သင်တို့သည် ခြင်တကောင်ကိုမျှ မပါစေခြင်းငှါ ရေကိုစစ်လျက်နှင့် ကုလား အုပ်ကို မျိုကြ၏။
25 လျှို့ဝှက်သော ကျမ်းပြုဆရာ၊ ဖာရိရှဲတို့ ၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ဖလား၊ လင်ပန်းကို အပြင်၌ဆေးကြောကြ၏။ အတွင်း၌ကား လုယူခြင်း၊ မတရားသဖြင့် ကျင့်ခြင်းနှင့် ပြည့်လျက်ရှိ၏။
26 မျက်စိကန်းသော ဖာရိရှဲ၊ ဖလား၊ လင်ပန်းကို အတွင်း၌ရှေ့ဦးစွာ ဆေးကြောလော့။ သို့ပြုလျှင် အပြင် ကား သန့်ရှင်းလိမ့်မည်။
27 လျှို့ဝှက်သော ကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ အဖြူ သုတ်သောသင်္ချိုင်းတွင်းနှင့်တူကြ၏။ ထိုတွင်းသည် အပြင်၌တင့်တယ်စွာတကား။ အတွင်း၌ကား လူသေအရိုး၊ အညစ်အကြေးအမျိုးမျိုးနှင့် ပြည့်လျက်ရှိ၏။
28 ထိုအတူ သင်တို့သည်အပြင်၌ လူတို့ရှေ့မှာဖြောင့်မတ်ဟန်ရှိ၏။ အတွင်း၌ကား လျှို့ဝှက်ခြင်း၊ မတရား သဖြင့် ကျင့်ခြင်းနှင့် ပြည့်လျက်ရှိကြ၏။
29 လျှို့ဝှက်သော ကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ပရောဖက်မှစ၍ ဖြောင့်မတ်သောသူတို့၏ သင်္ချိုင်းတွင်းနှင့် အရိုးအိုးတို့ကို တည်လုပ်၍ တန်ဆာဆင်သဖြင့်၊
30 ငါတို့သည် ဘိုးဘေးတို့လက်ထက်၌ရှိလျှင်၊ ပရောဖက်တို့ကို သက်သည်အမှုကိုလက်မခံပြီဟု ဆိုကြ၏။
31 ထိုသို့ဆိုသော်၊ သင်တို့သည် ပရောဖက်တို့ကိုသတ်သောသူတို့၏ အမျိုးအနွယ်ဖြစ်သည်ကို ကိုယ်အဘို့ ကိုယ်သက်သေခံကြ၏။
32 သို့ဖြစ်၍ ဘိုးဘေးတို့၏ အကျင့်ပမာဏကိုမှီအောင် ကျင့်ကြလော့။
33 မြွေဆိုးအမျိုးတို့၊ သင်တို့သည် အပြစ်ငရဲမှ အဘယ်သို့လွတ်နိုင်ကြမည်နည်း။
34 ထို့ကြောင့် ဗျာဒိတ်တော်အချက်ဟူမူကား ပရောဖက်ပညာရှိကျမ်းပြုဆရာတို့ကို သင်တို့ရှိရာသို့ ငါ စေလွှတ်၏။ ထိုသူအချို့တို့ကိုကွပ်မျက်၍ လက်ဝါးကပ်တိုင်၌ သတ်ကြလိမ့်မည်။ အချို့တို့ကို တရားစရပ်၌ ရိုက်၍ တမြို့မှတမြို့သို့ ညှဉ်းဆဲနှင်ထုတ်ကြလိမ့်မည်။
35 ထို့ကြောင့် ဖြောင့်မတ်သော အာဗေလ၏အသွေးမှစ၍၊ အတွင်းဗိမာန်တော်နှင့် ယဇ်ပလ္လင်၏ အကြား ၌ သင်တို့သတ်ကြသော ဗာရခိသားဇာခရိ၏အသွေးတိုင်အောင် မြေကြီးအပေါ်၌ သွန်းပြီးသမျှသော သူတော် ကောင်းတို့၏အသွေးသည် သင်တို့ ခေါင်းပေါ်သို့ ရောက်လိမ့်မည်။
36 ငါအမှန်ဆိုသည်ကား၊ ဤအရာများတို့သည် ယခုဖြစ်သောလူများအပေါ်သို့ ရောက်ကြလိမ့်မည်။
37 အိုယေရုရှလင်မြို့၊ ယေရုရှလင်မြို့၊ သင်သည်ပရောဖက်တို့ကိုသတ်မြဲရှိ၏။ သင်ရှိရာသို့ စေလွှတ်သော သူတို့ကိုလည်း ကျောက်ခဲနှင့် ပစ်မြဲရှိ၏။ ကြက်မသည် မိမိသားငယ်တို့ကို အတောင်အောက်၌ စုရုံးသကဲ့သို့ သင်၏သားတို့ကို စုရုံးစေခြင်းငှါ ကြိမ်ဖန်များစွာ ငါအလိုရှိပြီ။ သင်မူကား အလိုမရှိ။
38 သင်တို့နေသောအိမ်သည် သင်တို့၌ လူဆိတ်ညံလျက် ကျန်ရစ်ရ၏။
39 ငါဆိုသည်ကား၊ ထာဝရဘုရား၏အခွင့်နှင့် ကြွလာသောသူသည်မင်္ဂလာရှိစေသောဟု သင်တို့မပြောမှီ တိုင်အောင် ယခုမှစ၍ သင်တို့သည်ငါ့မျက်နှာကို မမြင်ရကြဟု မိန့်တော်မူ၏။